UEFI_mode နဲ့ Legacy_BIOS ရဲ့ ကွာခြားချက်​

#Computer အသုံးပြု​နေတဲ့ သူ​တွေအတွက်​ သိထားသင်​့တဲ့
#UEFI_mode နဲ့ #Legacy_BIOS ရဲ့ ကွာခြားချက်​
#UEFI ဆိုတာ
Unified Extensible Firmware Interface ရဲ့
အတိုကောက်ဖြစ်ပါတယ်။
#Booting Process တွေကိုလေ့လာတဲ့နေရာမှာ
UEFI ဆိုတာကို ကျော်သွားလို့မရတာကိုတွေ့ရမှာပါ။
UEFI ကိုနားလည် အောင်ပြောပြရမယ်ဆိုရင်တော့ Computer
ထုတ်လုပ်တဲ့ Company တွေ သူတို့ရဲ့ Computer မှာ
တပ်ဆင် ထားတဲ့ Device တွေရဲ့ Booting Process တွေ၊
Operation System နဲ့ Platform Firmware တွေကို
အဆင့်မှီ စီမံခန့်ခွဲနိုင်ရန် ထုတ်လုပ်ထားတဲ့ Firmware ရဲ့
Software Interface တစ်ခု လို့ပြောလို့ရပါတယ်။
UEFI ဟာ IBM ကထုတ်တဲ့ Basic Input/Output System (BIOS) Firmware ကိုအစားထိုးဖို့ထုတ်ထားဆိုလဲ
မမှားပါဘူး။
UEFI က BIOS အတွက် Legacy ကိုပါ Support လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး UEFI က Operation System မရှိသေးတဲ့ Computer မှာပါ Remote Diagnositics နဲ့ Repair ပါလုပ်ပေးနိုင်ပါသေးတယ်။ Intel က Microsoft Windows မှ Data Format တွေနဲ့ Practices တွေကိုသုံးပြီး EFI (Extensible Firmware Interface) Specification ကို ထုတ်ခဲ့ပါတယ်။ အဲဒီ UEFI ကို 140 ကျော်သော နည်းပညာ Company ကြီးတွေ (Microsoft Company အပါအဝင်) တို့ကBIOS က Software interoperability နဲ့ Address Limitations တွေကိုပိုမိုကောင်းမွန်းအောင် design ဆွဲပြီးထုတ်ထားတာဖြစ် ပါတယ်။ UEFI က BIOS ထက်ပိုကောင်းတဲ့
အချက်တွေကတော့


✅ UEFI က BIOS ထက် ပိုပြီး လုံခြုံရေးကောင်းမွန်ပါတယ်။
Pre Startup နဲ့ Pre boot စနစ်တွေသုံးထားလို့ bootkit attacks တွေရန်က ကာကွယ်နိုင်ပါတယ်။
✅ UEFI မှာ Hibernation လုပ်ထားပြီး Resuming လုပ်တဲ့အခါပိုမိုမြန်လာပါတယ်။
✅ UEFI မှာ BIOS ထက် ပိုပြီး ပမာဏ များတဲ့ Drive တွေကို တပ်ဆင်နိုင်မှာဖြစ်ပါတယ်။ UEFI မှာ 2.2 TB ( 2200 GB ) အထက်ရှိတဲ့ Hard Disk တွေကိုတပ်ဆင်နိုင်ရန်ထောက်ပံ့ထားပါတယ်။
✅ System က17.2 Billion Gigabytes အသုံးပြုနိုင်တဲ့ address ကိုထောက်ပံ့ပေးနိုင်တဲ့ 46-bit Firmware Device Drives ကို UEFI မှာအသုံးပြုနိုင်ပါတယ်။
✅ UEFI Hardware မှာတောင် BIOS ကို အဆင်ပြေစွာ
အသုံးပြုနိုင်ပါတယ်။
✅ UEFI မှာ MBR (Mastar Boot Record) ကို
မသုံးတော့ပဲ နောင်အနာဂါတ်မှာ ခေါတ်စားလာမည့်
GUID Partition Table (GPT) ကိုပဲ အသုံးပြုအောင်
လုပ်ထားပါတယ်။ ဘာလို့လဲဆိုတော့ GTP Partition ဟာ Firmware Layer မှာ ပမာဏ အရမ်းများတဲ့ Disk တွေကို Support လုပ်ပေးပါတယ်။
✅ UEFI ဟာ မည်သည့် boot loading task ကိုမဆို Operation System ထဲမှာပဲ တစ်ခါတည်းပြီးသွားမည့် ရှေးရိုး Boot Loader တွေကို သုံးနိုင်ပါတယ်။
(Safe Mode မှာ မေးထားသလိုမျိုး)။ အကျိုးကျေးဇူးကတော့ Safe Mode မှာတွေ့ရသလို Options အများကြီးမတွေ့ရတော့ဘဲ၊ သူ့တစ်ခုတည်းမှာပဲ အစုံပါလာမှာဖြစ်ပါ တယ်။
✅ UEFI ဟာ BIOS နဲ့ Operation System ကြားက Interface တစ်ခုအနေနဲ့ BIOS ပေါ်မှာတပ်ဆင် အသုံး ပြုနိုင်မှာဖြစ်လို့ BIOS ကို ပြောင်းလဲစရာမလိုပါဘူး။ သူ့မှာ Hardware တွေအတွက် Standardized View တွေပါဝင်ပါတယ်။ ဒါကြောင့် Operation System ပြုလုပ်ရေးဆွဲ သူတွေကို သူတို့ရေးဆွဲလိုက်တဲ့ OS တွေကို အမျိုးမျိုးသော Motherboard တွေမှာ
အသုံးပြုနိုင်စေရန် ရေးဆွဲနိုင်မှာဖြစ်ပါတယ်။
✅ UEFI ဟာ တော်တော်များများက စက်ရုံထုတ်ပစ္စည်းတွေကို
ထောက်ပံ့ပေးထားပြီဖြစ်ပါတယ်။ UEFI Standards အဖွဲ့အစည်းမှာ Intel, AMD, Apple, Microsoft နဲ့ အခြား BIOS နဲ့ Motherboard ထုတ်လုပ် တဲ့ Companey တွေပါဝင်ပါတယ်။ ဒါကြောင့် နောက်ထပ် ထွက်မည့် ခေါတ်မီ Operation System တွေမှာ UEFI ဟာ အားလုံးကိုက်ညီမှာဖြစ်ပါတယ်။
✅ UEFI မှာ အဓိက ပစ်မှတ်ထားတာကတော့ Driver တွေပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ Device Driver တွေကိုရေးဆွဲတဲ့ သူတွေအတွက် အမျိုးမျိုးသော Platforms အတွက် အများကြီး ထပ်ရေးစရာမလိုတော့ပါဘူး။ ဥပမာ Motherboard တစ်ခုရဲ့ North Bridge နဲ့ Sourth Bridge တွေအတွက် Driver ဟာ Linux Platform မှာ Run သလို Windows Platform မှာလဲ အဆင်ပြေပြေ Run နိုင်အောင် UEFI က ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ Windows သုံးတဲ့သူဆိုရင် အဲဒါဟာ အဓိက ပြဿနာဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Windows 8 ကနေစပြီးတော့ Driver တွေဟာ x64 နဲ့ ARM architecture အနေနဲ့ Run နိုင်နေပြီပဲဖြစ်ပါ တယ်။
crd:

No comments:

Post a Comment