“ပံ့ သ ကူ " ရဲ့အနက်အဓိပ္ပါယ် "
" ပံ့သကူ "ဆိုတဲ့...စကားလုံးလေးဟာ...
အတော်များများ ကြားဘူးကြပြီးသားဖြစ်ပြီး...
မြန်မာတွေနားနဲ့ မစိမ်းလှပါဘူး....။
သို့သော်လည်း.....
ပံ့သကူနဲ့ပတ်သက်ပြီးတော့....
လူအများနားလည်ထားကြတာကတော့....
အခါကြီး ရက်ကြီးတွေမှာ....
လမ်းဆုံလမ်းခွတွေ လူသူလေးပါးအသွားအလာများတဲ့
နေရာတွေမှာ မနက်အစောကြီး(ကျီးမနိုးခင်)ထပြီးမည်သူမျှမမြင်အောင် ငွေ/ပစ္စည်း တခုခုကို ပစ်ချထားခဲ့ရမယ်...ဒီလို ပြုလုပ်ခြင်းအားဖြင့်....
ပြုလုပ်သူမှာလည်း ငွေကြေးဥစ္စာတွေ
တိုးပွားလာလိမ့်မယ်......ဆိုတာလောက်ကိုဘဲ...
အများစုက ကြားဘူးနားဝရှိနေခဲ့ကြတာဖြစ်ပါတယ်။
ဒါဟာ.....တစိတ်တပိုင်းအနေနဲ့တော့ မှန်ပါသော်လည်း..
တကယ့်ပံ့သကူ အစစ်ရဲ့ အဓိပ္ပါယ် ရည်ရွယ်ချက်အပြည့်အစုံကတော့....ဒီထက်မက အဓိပ္ပါယ် ခံယူချက်ရည်ရွယ်ချက်က များစွာ ကျယ်ပြန့်လှပါတယ်။
ဒါကြောင့်.....
ပံ့သကူရဲ့ ရည်ရွယ်ချက် အဓိပ္ပါယ် နှင့်
ပြုလုပ်ရမယ့်အချိန်အခါတွေကို တိတိကျကျသိရှိကြရအောင်လို့ အနည်းငယ်မျှရေးသားပေးပါရစေ။
ပံ့သကူရဲ့...
တကယ့်အနက်အစစ်က...#ပံသုကူလ ဆိုတဲ့...
ပါဠိစကားကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး....
ပံသုကူလ......ပံသုကူ.......ထိုမှတဆင့် ပံ့သကူ လို့....
ခေါ်ဝေါ်လာခဲ့ကြတာဖြစ်ပါတယ်.....
((ပံသုဆိုတဲ့ပုဒ်က မြေကြီး ဖြစ်ပါတယ်))
အဓိပ္ပါယ်ကတော့.....#ပါပံသုကူလ...
အဓိပ္ပါယ်ရပါတယ်။
ရှေးယခင်.....
မြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်အခါက....
ရဟန်းတော်တို့ဟာ....သင်္ကန်းအတွက်....
လူတို့စွန့်ပစ်ထားတဲ့ အဝတ်စတွေကို ရှာဖွေကြရပါတယ်ဒီလိုရှာဖွေကြရတဲ့အခါ....
အဝတ်စအများစုကိုတွေ့နိုင်ရနိုင်တာက
များသောအားဖြင့် အမှိုက်ပုံနဲ့ သချိုင်းကုန်း ၂နေရာသာ
ဖြစ်ပါတယ်....ဘာလို့လည်းဆိုတော့....
လူတွေက....မိမိတို့မလိုချင်တော့တဲ့ မဝတ်ချင်တော့တဲ့ဝတ်မရတော့လောက်အောင် ပျက်စီးနေတဲ့ အဝတ်အထည်တွေကို အမှိုက်ပုံသို့ စွန့်ပစ်လေ့ရှိကြပြီး...
ထိုခေတ်အခါက....လူတွေသေလွန်ကြတဲ့အခါ...
အလောင်းကောင်ကို အဝတ်ပတ်ပြီးသုသာန်တစပြင်မှာ
လာပစ်ထားကြလို့ဘဲဖြစ်ပါတယ်။
ရဟန်းတော်တို့ဟာ....
ဒီလိုလာပစ်ထားကြတဲ့ အဝတ်အထည်စတွေကိုကောက်ယူပြီးမှ သစ်ခေါက်ရည်ဆိုးခြင်း ချုပ်လုပ်ခြင်းစသည်တို့ကိုပြုလုပ်ကြရပြီး....သင်္ကန်းအဖြစ်နဲ့
ဝတ်ရုံဆင်မြန်းခဲ့ကြရတာဖြစ်ပါတယ်။
ဒါ့ကြောင့်.... ဒီသင်္ကန်းမျိုးကိုလည်း ....#ပံသုကူလစီဝရံ... ပံ့သကူသင်္ကန်း # လို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
(ဒီနေရာမှာ.....အများစုအလွယ်နားလည်အောင် ဒဲ့ပြောရရင်တော့...ပံ့သကူဆိုတာ....လူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သောစွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့်မယ်....ဤကားစကားချပ်)
ဒီလောက်ဆိုရင်...ပံ့သကူရဲ့အနက်အဓိပ္ပါယ်ကို မိတ်ဆွေများအနေနဲ့အတော်အတန်သိရှိကြလောက်ပါပြီ။
အခုဖော်ပြခဲ့တာတွေကတော့....ပံ့သကူရဲ့
အနက်အဓိပ္ပါယ်တွေဘဲဖြစ်ပြီး.....ဒီနေရာမှာ...
အထူးသတိထားသင့်တာလေး တစ်ခုကတော့...
လူတွေရဲ့ .......အဝတ်အထည်တွေကို စွန့်ပစ်ကြမှုဟာ...
ရဟန်းတော်တို့ကိုသင်္ကန်းအဖြစ်ရရှိကြစေဖို့ရာရည်ရွယ်တာမဟုတ်ဘဲ.....မိမိတို့မလိုချင်တော့လို့ဝတ်မရလောက်အောင်ပျက်စီးသွားလို့...
လူသေသွားလို့ ထုံးစံအရ အလောင်းကောင်ကိုလူမမြင်အောင်လို့သာ...
အဝတ်တွေကိုစွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ်.....
ဒါဆိုရင်.....ရဟန်းတော်တို့ သင်္ကန်းအဖြစ် စီမံချုပ်လုပ်ဝတ်ရုံလို့ရအောင်ရည်ရွယ်ပြီးတော့...
တမင်တကာပံ့သကူပစ်ထားခဲ့တာရော ရှိခဲ့ပါသလား
ဆိုရင်တော့.....ရှိခဲ့ပါတယ်လို့ဘဲ ဖြေရပါလိမ့်မယ်....
ရှိခဲ့တာမှ....လူတောင်မဟုတ်ပါဘူး....
နတ်သမီးတစ်ပါးဖြစ်ပါတယ်။
ဒါသည်ပင်လျှင် ပံ့သကူပစ်ခြင်းရဲ့အစလည်းဖြစ်တာမို့ဒါလေးကိုလည်း သိသာရုံမျှ...ပြောပြပါရစေ။
~~~~~~~~~~~
အခါတစ်ပါးမှာ...
#အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး...ဟာ ဝတ်ရုံထားတဲ့သင်္ကန်းက အတော်ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက်...
အမှိုက်ပုံတွေမှာ...ပံ့သကူအဝတ် အရှာထွက်ခဲ့ပါတယ်။
ဒါကို...ကြိုတင်သိမြင်နေခဲ့တဲ့....
ဘဝဟောင်းတုန်းကဇနီးမယားတော်စပ်ခဲ့ဖူးသူဖြစ်သော
#ဇာလိနီနတ်သမီး.....ဟာ....
သူကိုယ်တိုင်လှူတန်းရင်(နတ်ဝတ်တန်ဆာတွေမို့) မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက်....
မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံအနီးနားမှာ...
နတ်အဝတ်၃ထည်ကို မသိမသာ
စွန့်ပစ်လှူထားခဲ့ရာကနေ စပြီး....
ပံ့သကူပစ်ခြင်းဓလေ့ အစပြုခဲ့တာဖြစ်တယ်လို့ကျမ်းအချို့မှာ ပြဆိုထားပါတယ်။
အထက်မှာဖော်ပြခဲ့သလိုဘဲ....
ဇာလိနီနတ်သမီးရဲ့
တန်ဆောင်မုန်းလပြည့်နေ့မနက်အစောမှာအဝတ်အထည်ပံ့သကူပစ်ခြင်းကို
အကြောင်းပြုပြီး....
ရကြပါစေ.....။
ရရှိပြီးလည်းဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေ လို့ ...
ပံ့သကူပစ်(ပေးလှူ)နေကြတာဖြစ်ပါတယ်....။
မှတ်ချက်...။။...။။။#ပံသကူမှန်းသိအောင်_ပစ္စည်းမှာ
ပစ်တဲ့အခါမှာ....
ငွေဆိုလည်း...၁၀၀၀/၅၀၀၀/၁၀၀၀၀/၁၀၀၀၀၀ စသည်ဖြင့် မိမိတတ်စွမ်းသလို.....
အဝတ်အထည်ဆိုလည်း....
လတ်ဆတ်သစ်လွင်သောအဝတ်အထည်မျိုး.....
စသည်ဖြင့် ဖြစ်ကြစေလိုပါတယ်....ဒါမှ အကျိုးပိုကြီးမှာဖြစ်ပါကြောင်းနဲ့....ငွေနဲ့အတူ အဝတ်အထည်လည်းမပါမဖြစ်ပါရပါမယ်လို့....ပြောပါရစေ.....။
ပံ့သကူနဲ့ပတ်သက်ပြီး...အရေးအကြီးဆုံးအချက်နဲ့ကုသိုလ်အရစေဆုံး ကုသိုလ်အကြီးစေဆုံးတစ်ချက်ကိုမိတ်ဆွေများသိစေဖို့ နောက်ဆုံးအနေနဲ့ အသိပေးပြောကြားပါရစေ....။
အဲဒါကတော့....
ရဟန်းတော်တို့သီတင်းသုံးကြတဲ့...
ဘုန်းကြီးကျောင်းတွေမှာ....မဖြစ်မနေ
((ရဟန်းတော်တို့ မြင်သာမယ့်နေရာမျိုးပေါ့))
ရဟန်းတော်တို့နဲ့ပတ်သက်တဲ့...ထီး ဖိနပ် ယပ် သင်္ကန်း ဆွမ်းဆန် ပိဋကတ်၃ပုံစာအုပ် ကျမ်းစာအုပ်
((ဝတ္ထုငွေလုံးဝမပါရ)) စသည်ဖြင့်...
ရဟန်းတော်တို့နဲ့အပ်စပ်ရာကို
#ပံသကူအလှူပါဘုရား...လို့စာရေးသားပြီး..
အခင်း၁ခုဖြင့် ပံ့သကူထားပေးကြမယ်ဆိုရင်တော့....
ဒီပံ့သကူဟာ...သာမန်ပံ့သကူမျိုးမဟုတ်တော့ဘဲလွန်စွာအကျိုးကြီးသော.....
#မဟာပံ့သကူ......ဖြစ်ပါကြောင်း....
အသိပေးပြောကြားရင်းနဲ့.....
လူတို့အား စွန့်လှူသော ပံ့သကူကုသိုလ်ဒါနသည်၎င်း
ရဟန်းတော်တို့အားပေးလှူသော..
မဟာပံ့သကူ ကုသိုလ်ဒါနသည်၎င်း.....
ရရှိကြသူ ရဟန်းရှင်လူအပေါင်းတို့အား
မထင်မှတ်ဘဲ လွန်စွာအံ့ဩဝမ်းသာ
ကြည်နူးစေသည့်ကုသိုလ်ဖြစ်သည့်အတွက်....
တူသောအကျိုးအနေဖြင့် ထိုသို့ ပံ့သကူဒါနကိုပြုခဲ့ကြသူတို့မှာလည်း ငွေကြေးအဝတ်အထည်စည်းစိမ်ဥစ္စာတို့ဟာ ထီပေါက်သလိုမျိုး ဝမ်းသာစရာကောင်းလောက်အောင်အံ့ဩစရာကောင်းလောက်အောင် အရပ်လေးမျက်နှာကနေ မထင်မှတ်ထားဘဲနဲ့ ကြိုတင်မမျှော်လင့်ထားဘဲနဲ့ ဝင်လာမစဲ တသဲသဲဖြစ်လာကြမှာ ရရှိလာကြမှာ....ဖြစ်ပါတယ်လို့အသိပေးလိုပါတယ်။
သို့သော်.....ဒီနေရာမှာ...
မဖြစ်မနေသိထားရမှာကတော့..ပံ့သကူပစ်တဲ့အခါ....
မိမိရဲ့အကျိုးစီးပွားဖြစ်ထွန်းဖို့ဆိုတဲ့စိတ်မျိုးနဲ့တော့
မပစ်ပါနဲ့...အဲဒီလိုစိတ်နဲ့ပစ်ရင်တော့...
ထားရှိတဲ့စိတ်က အကြောင်းမမှန်တာကြောင့် အကျိုးပေးလည်းမသန်တော့ပါဘူး....
အယုတ်အလတ်အမြတ်မရွေး မိမိပေးလှူတဲ့ ပံ့သကူကြောင့် ရရှိသွားကြသူတို့ အဆင်ပြေကြပါစေ
ဝမ်းမြောက်ကြည်နူးပျော်ရွှင်ကြပါစေဆိုတဲ့....
ကုသိုလ်စေတနာစိတ်မျိုးနဲ့သာ
ပေးလှူပါမှ ပံသကူအစစ်လည်းဖြစ်ပြီး
အကျိုးလည်းကြီးစွာပေးပါလိမ့်မယ်ဆိုတာ...
ကြပ်ကြပ် သတိချပ်ကြဖို့ လိုပါတယ်လို့......
ပြောကြားရင်း.....
ဆိုတဲ့.....ဓမ္မဓိဌာန်ကျကျ စကားလေးနဲ့အတူ....
စာလေးကိုနိဂုံးချုပ်လိုက်ပါတယ်။
"ချမ်းမြေ့ပါစေ-မေတ္တာရည်လျက်"
Credit:
ဓမ္မဒါနဖြင့်ပြန်လည်မျှဝေကုငိုလ်ပြုပါသည်။
No comments:
Post a Comment