အမျိုးသားများနှင့် ထိပ်ပြောင်ခြင်း

 


>>  ဘာကြောင့် ထိပ်ပြောင်ရတာလဲ?
ဖြစ်ပွားရသောအကြောင်းအရင်းများမှာ -
●  စိတ်ဖိစီးမှုများခြင်း
●  အစားအသောက်နှင့် နေထိုင်မှုပုံစံမမှန်ခြင်း
●  ရောဂါအချို့နှင့် ဆေးဝါးများ စသည်တို့ကြောင့်ဖြစ်သည်။

>>  ဘယ်လိုပုံစံဖြစ်လာသလဲ?
သို့သော် အများစုမှာမူ မျိုးရိုးကြောင့်ဖြစ်ပြီး “အမျိုးသားပုံစံထိပ်ပြောင်ခြင်း” ဟု ခေါ်လေ့ရှိပြီး အောက်ပါလက္ခဏာတို့ကို တွေ့ရှိနိုင်ပါသည်။
●  ဆံပင်များ တဖြည်းဖြည်းပါးလာခြင်း
●  ဆံပင်ပေါက်ရာလိုင်းမှာလည်း နောက်ရောက်လာပြီး မြင်းခွာပုံစံဖြစ်လာခြင်း
အချို့အမျိုးသားများတွင် ဆံပင်ပါးခြင်းမှာ အသက် 20 မတိုင်မီတွင် စတင်လေ့ရှိပြီး အသက် 50 အရွယ်တွင် 85 ရာခိုင်နှုန်းသောအမျိုးသားများ၌ သိသိသာသာထိပ်ပြောင်ခြင်းကို ခံစားနေရပြီဖြစ်သည်။

>>  ဘယ်လိုကာကွယ်မလဲ?
ကိုယ့်ရဲ့မျိုးရိုးကိုပြုပြင်၍ မရနိုင်သော်လည်း ထိပ်ပြောင်ခြင်းကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ရန်အတွက်
●  ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားပါ။
●  ဆေးလိပ်ဖြတ်ပါ။
●  ခေါင်းဖြီးချိန်နှင့် ခေါင်းလျော်ချိန်များတွင် ဆံပင်ကို ညင်သာစွာ ကိုင်တွယ်ပါ။

>>  ဆံပင်ပြန်ပေါက်အောင် ဘယ်လိုလုပ်မလဲ?
ဆရာဝန်နှင့် တိုင်ပင်၍ ဆံပင်ပေါက်ဆေး အသုံးပြုပါက ဆံပင်ပြန်ပေါက်နိုင်ရန် ကူညီပေးနိုင်ရုံမျှမက ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
ဆံပင်စိုက်ခြင်းသည် ခွဲစိတ်ကုသမှုတစ်ခုဖြစ်ပြီး သင့်ဦးရေပြားနောက်ဘက်မှ ဆံပင်များကို အရှေ့ဘက်ပြောင်နေသောနေရာတွင် ပြန်စိုက်ပေးခြင်းဖြစ်သည်။

>>  ဆံပင်ထူတယ်လို့ထင်အောင် ဘယ်လိုလုပ်မလဲ?
သင့်တွင် ဆံပင်ပိုမိုများပြားသည်ဟု အထင်ရှိစေသော အကောင်းဆုံးနည်းလမ်းမှာ -
●  ဆံပင်တိုတိုညှပ်ပါ။
●  ဆံပင်ကို ထူသယောင်ဖြစ်စေသော ဆံပင်ဖြန်းဆေးများကို သုံးစွဲပေးပါ။

Dr. Moe Thauk Pan (www.drmyanmar.com)

No comments:

Post a Comment