အရက်သောက်ခြင်းက ကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်ပေးလား

 


အရက်ပြန်ဟာ ကိုဗစ်ဗိုင်းရပ်စ်ကို သေစေနိုင်တယ်ဆို အရက်သောက်တာကရော ကိုဗစ်ကို မကာကွယ်ပေးနိုင်ဘူးလားလို့ အမေး များလာကြပါတယ်။ အရက်နဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ အယူအဆမှားတွေနဲ့ ဖြေရှင်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

**  မှားသောအယူအဆ - အရက်သောက်ခြင်းဟာ ကိုဗစ်ဗိုင်းရပ်စ်ကို သေစေတယ်။
**  အမှန် - အရက်သောက်ခြင်းဟာ ဗိုင်းရပ်စ်ကို မသေစေနိုင်ပါ။ အရက်ဟာ အရေပြားပေါ်တွင်သာ ပိုးသတ်အာနိသင်ရှိပြီး ကိုယ်ခန္ဓာအတွင်းမှာတော့ ပိုးသေစေနိုင်တဲ့အာနိသင် မရှိပါဘူး။

**  မှားသောအယူအဆ - အရက်ပြင်းပြင်းများ သောက်ပါက ရှူသွင်းလိုက်သောလေမှာ ကိုဗစ်ဗိုင်းရပ်စ်ကို သေစေတယ်။
**  အမှန် - အရက်က ပါးစပ်နှင့်လည်ချောင်းတွင်းသို့ ရောက်ရှိပါက ပိုးသတ်အာနိသင်မရှိတဲ့အတွက် ကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်းမရှိပါ။

**  မှားသောအယူအဆ - အယ်ကိုဟောပါသောအရည်တွေကို သောက်ခြင်းဖြင့် ကိုယ်ခံအားကောင်းစေတယ်။
**  အမှန် - အရက်က ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်မှု ပိုတောင်ခံရစေပါတယ်။

>>  ကိုဗစ်ကာလအတွင်းမှာ အရက်နှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ
●  ကိုယ်ခံအားကောင်းမွန်စေဖို့အတွက် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
●  မသောက်ရမနေနိုင်အောင် အရက်စွဲနေပါက ပမာဏအနည်းငယ်သာ သောက်သုံးပါ။
●  အရက်နှင့်အတူ ဆေးလိပ်တွဲသောက်ခြင်း မပြုလုပ်သင့်ပါဘူး။
●  အိမ်ရှိ ကလေးများနှင့်လူငယ်များရှေ့တွင် အရက်သောက်တာ ရှောင်သင့်ပါတယ်။
●  အကိုက်အခဲပျောက်ဆေး၊ အိပ်ဆေး၊ စိတ်ကျဆေးကဲ့သို့ ဆေးသောက်နေသူများ အရက် လုံးဝမသောက်သင့်ပါ။

>>  အရက်နှင့် Social Distancing
●  အရက်သောက်သုံးရာနေရာတွေဖြစ်တဲ့ ဘား၊ ဘီယာဆိုင်၊ ကလပ်နှင့် စားသောက်ဆိုင်တွေမှာ လူစုလူဝေးဖြစ်ပေါ်ခြင်းကြောင့် ရောဂါပျံ့နှံ့စေပါတယ်။ ဒီနေရာတွေကို ရှောင်ခြင်းဖြင့် အရက်သောက်ခြင်းကိုပါ လျှော့ချနိုင်မှာဖြစ်ပြီး ကိုဗစ်ကူးစက်ခြင်းကိုလည်း တားဆီးနိုင်မှာပါ။

>>  အရက်နှင့် Home Quarantine
●  အိမ်ကနေအလုပ်လုပ်နေသူများအနေနှင့် ပုံမှန်အလုပ်စည်းကမ်းတွေကို လိုက်နာသင့်ပြီး အရက်သောက်တာကို ရှောင်သင့်ပါတယ်။
●  အရက်ဟာ နေ့စဉ် မဖြစ်မနေ အစားအသောက်မဟုတ်တဲ့အတွက် ဈေးဝယ်ထွက်ချိန်မှာလည်း မဝယ်မိအောင် သတိထားသင့်ပါတယ်။
●  အရက်ကြောင့်ကုန်မယ့်ငွေတွေကို အာဟာရဖြစ်စေမယ့်အစားအစာနှင့် အားဆေးများ ဝယ်ယူခြင်းက ပိုအကျိုးရှိပါတယ်။
●  အိမ်မှာ ပိုနေသောအချိန်တွေကို အရက်သောက်ခြင်းဖြင့် ကုန်ဆုံးမယ့်အစား ခြံတွင်းလမ်းလျှောက်ခြင်း၊ တီဗီကြည်ခြင်း၊ စာဖတ်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။
●  အိမ်တွင်း တစ်ယောက်တည်းနေသူများအနေနှင့် အရက် အလွန်အကျွံသောက်မိပါက မိမိကိုယ်ကိုယ် သတ်သေနှုန်း မြင့်မားလာတတ်ပါတယ်။
●  အရက်ကြောင့် စိတ်ဖိစီးမှုပျောက်စေတယ်လို့ ထင်နိုင်ပေမယ့် တကယ်ကတော့ စိတ်ကျခြင်း၊ သောကများခြင်းတို့ကို ပိုမိုဖြစ်စေနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

1 comment:

  1. Aftershokz trekz titanium, a metal razor blade is the key to
    Aftershokz trekz titanium, a titanium tools metal razor blade is the race tech titanium key titanium athletics to making a modern, reliable shaving experience. can titanium rings be resized It is does titanium have nickel in it designed to

    ReplyDelete