ကလေးကို စိတ်ဒဏ်ရာမဖြစ်စေလိုပါ

 


(၁)  ကလေးကို ရှောင်နေခြင်းနှင့် လျစ်လျူရှုထားခြင်း
ကလေးရဲ့စိတ်ခံစားချက်များကို လျစ်လျူရှုခြင်းဟာလည်း ကိုယ်ထိလက်ရောက် နှိပ်စက်သကဲ့သု့ိ ဆိုးကျိုးများ ဖြစ်ပေါ်စေပါတယ်။
ကလေးရဲ့ လိုအပ်ချက်များကို လျစ်လျူရှုခြင်း၊ ကလေးအား နည်းလမ်းမှန်စွာ မပျိုးထောင်ခြင်း၊ ကလေးကို မိမိကိုယ်ကို အသုံးမကျဟု ထင်မြင်အောင် ပြုလုပ်မိခြင်း၊ အန္တရာယ်ဖြစ်စေမယ့် အနေအထားမျိုးတွင် မစောင့်ရှောက်ခြင်း၊ ကလေးကို တစ်ကိုယ်တည်း အထီးကျန်စေခြင်း စတဲ့ လုပ်ရပ်တွေဟာ ကလေးရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေရုံတင်မကပဲ တစ်သက်တာ စိတ်ဒဏ်ရာရစေခြင်း၊ လူမှုဘဝ အဆင်မပြေဖြစ်ခြင်းတို့နှင့် ရင်ဆိုင်ရစေပါလိမ့်မယ်။

**  ဖြေရှင်းနည်း - ကလေးတွေအနေနှင့် အချစ်ခံရပြီး ပျော်ရွှင်ဖို့နှင့် ထိုက်တန်ပါတယ်။ ဒါကြောင့် မိဘတွေအနေနင့် ကလေးတွေကိုချစ်ကြောင်း၊ သူတို့ကို လိုလားကြောင်းပြသပေးခြင်း၊ အချိန်ယူပြီး စကားပြောခြင်း၊ ပျော်စရာအချိန်များ အတူတကွ ဖန်တီးခြင်း ပြုလုပ်ပါ။

 (၂)  ရုပ်ပိုင်းဆိုင်ရာနှင့် စကားလုံးပိုင်းဆိုင်ရာ ပြုမူပြောဆိုခြင်း
မိဘအများစုအနေနှင့် ကလေးတွေရဲ့ခံစားချက်ကို မမြင်ဘဲ ရိုက်နှက်ခြင်း၊ နာကျင်ဖွယ်ရာစကားလုံးများနှင့် ထိုးနှက်ပြောဆိုခြင်းတို့ဖြင့် နိုင်ထက်စီးနင်း ပြုလုပ်လေ့ရှိကြပါတယ်။ သင့်စကားလုံးတစ်လုံးနှင့် ရိုက်နှက်ချက်တစ်ခုနှင့်တင် ကလေးဟာ နှစ်ပေါင်းများစွာ စိတ်ဒဏ်ရာရစေနိုင်ပါတယ်။ ဒီထိုးနှက်ချက်တွေကြောင့် ကလေးမှာ အငုံ့စိတ်ဝင်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်းတို့ အရိုးစွဲသွားစေနိုင်ပါတယ်။
ဒီလိုစကားလုံးများနှင့် ထိုးနှက်နှိပ်စက်ခံရသော၊ ကိုယ်ထိလက်ရောက်ရိုက်ခံရသော ကလေးများဟာ ဘဝတစ်သက်တာမှာ စိတ်ပိုင်းဆိုင်ရာ၊ ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေးပြဿနာများနှင့် ရင်ဆိုင်ရမယ့်အပြင် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ မိမိကိုယ်ကိုနှိပ်စက်ခြင်း၊ ဆေးစွဲခြင်း စတဲ့ ဆိုးရွားသောအပြုအမူများကို ပြုလုပ်တတ်ကြပါတယ်။

 

**  ဖြေရှင်းနည်း - ရိုက်နှက်ခြင်း၊ စွပ်စွဲခြင်း၊ လူကြားထဲတွင် အော်ငေါက်ခြင်း၊ အသုံးမကျဟု ပြောဆိုခြင်းတို့ကို လုံးဝရှောင်ကြဉ်ပါ။ အမှားတစ်ခုခုအတွက် အပြစ်ပေးလိုပါက အိမ်မှုကိစ္စများလုပ်စေခြင်း၊ အိပ်ရာစောစောထစေခြင်း စသည့် အပြစ်များကိုသာ ပေးပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

 

 

No comments:

Post a Comment