သွေးဆုံးခါနီးပြီဆိုတာကို ပြသနေသော အချက်ပြလက္ခဏာ (၅) ချက်

 


အမျိုးသမီးများအနေနှင့် အသက် ၄၀ နောက်ပိုင်းကနေ ၅၀ တွင်း ချဉ်းနင်းဝင်ရောက်လာသည်နှင့် သွေးဆုံးကိုင်ခြင်းဝေဒနာတွေကို စတင်ခံစားရတတ်ပါတယ်။ မိမိမှာ အောက်ပါလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ သွေးဆုံးချိန်နီးကပ်နေပြီဆိုတာ သိရှိနိုင်ပါတယ်။

(၁)  စိတ်တိုလွယ်၊ ဝမ်းနည်းလွယ်ခြင်း
ထစ်ခနဲရှိ စိတ်တိုလွယ်ခြင်းနှင့် ဝမ်းနည်းစရာဖြစ်ရပ်များကြုံပါက ယခင်ကထက် ပိုမိုဝမ်းနည်းတတ်၊ ငိုကြွေးနေတတ်ခြင်းနှင့် ရင်ဆိုင်ရတတ်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင်လည်း ယုံကြည်မှု ပျောက်ဆုံးနေတတ်ပါတယ်။

 

 

(၂)  အိပ်ရေးပျက်ခြင်း
သွေးဆုံးခါနီးအမျိုးသမီးများ ရင်ဆိုင်ရတဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ ညအိပ်မပျော်ခြင်းပဲ ဖြစ်ပါတယ်။ အိပ်ရေးမဝတဲ့အတွက် မနက်မှာ အားအင်ကုန်ခမ်းနေတတ်ပြီး အခြားသော သွေးဆုံးကိုင်လက္ခဏာတွေကိုပါ ပိုမိုဆိုးရွားစွာ ခံစားရစေတတ်ပါတယ်။

(၃)  ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
အချို့သောအမျိုးသမီးတွေမှာ ဆိုးရွားသော ခေါင်းကိုက်ခြင်းနှင့်အတူ တုပ်ကွေးလက္ခဏာတွေပါ ခံစားရလေ့ရှိပါတယ်။

 

(၄)  သတိမေ့လွယ်ခြင်းနှင့် အာရုံစူးစိုက်မရခြင်း
သွေးဆုံးခါနီးမှာ ထွက်ပေါ်လာသော ဟိုမုန်းများကြောင့် သင့်မှတ်ဉာဏ်တွေကို ဝေဝါးစေပြီး မေ့ပျောက်လွယ်စေတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ရှိ အမျိုးသမီးများအနေနှင့်လည် အလုပ်ကို အာရုံစိုက်မရတာမျိုး ဖြစ်တတ်ပါတယ်။

(၅)  နေ့စဉ်ဘဝပျောက်ဆုံးခြင်း
ဟိုမုန်းအပြောင်းအလဲများကြောင့် အရိုးအဆစ်တွေ နာကျင်နေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် အခက်အခဲဖြစ်စေပါတယ်။

သွေးဆုံးခါနီးဝေဒနာတွေကို  အမျိုးသမီးတိုင်းလိုလို ခံစားရတတ်တဲ့အတွက် မိမိအနေနှင့် အလွန်ထိတ်လန့်တာမျိုး မဖြစ်စေဖို့ သတိပြုသင့်ပါတယ်။ ဆိုးရွားသော သွေးဆုံးကိုင်ဝေဒနာများကို ခံစားရပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဟိုမုန်းကုသနည်းကို ခံယူနိုင်ပါတယ်။ တရားထိုင်ခြင်း၊ ယောဂကစားခြင်း စတဲ့ စိတ်ကိုပြေလျော့စေမယ့် နည်းလမ်းတွေကိုလည်း အသုံးပြုပြီး ကုစားနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

 

No comments:

Post a Comment