ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်ပြီး အမေးများသောမေးခွန်းများ

 


>>  ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် Mask တပ်ဖို့ လိုသေးလား?
၉၅% ထိ စိတ်ချရတဲ့ ကာကွယ်ဆေးတောင်မှ ထိုးတဲ့သူ အယောက် ၂၀ မှာ တစ်ယောက်လောက်က ကိုယ်ခံအားမရရှိနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးသူများဟာလည်း mask တပ်ခြင်း၊ social distancing နည်းစဉ်များကို လိုက်နာခြင်း၊ လက်ဆေးခြင်းတို့ကို ဆက်လက်ပြုလုပ်ဖို့ လိုပါတယ်။

>>  ကာကွယ်ဆေးထိုးပြီးနောက် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိမလဲ?
ဆေးထိုးတဲ့နေရာတွင် နာကျင်ခြင်း၊ မူးဝေခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို တစ်ရက်၊ နှစ်ရက်ခန့် ခံစားရနိုင်ပါတယ်။

>>  ဓာတ်မတည့်သောရောဂါရှိသူတွေကော ဆေးထိုးသင့်လား?
သင့်မှာ ကာကွယ်ဆေး သို့မဟုတ် ထိုးဆေးတွေနှင့် ဓာတ်မတည့်ဖူးသော ရာဇဝင်ရှိတယ်ဆိုရင်တော့ ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ ထိုးသင့်ပါတယ်။ ဆေးထိုးပြီးနောက်လည်း မိနစ် ၃၀ ခန့် စောင့်ကြည့်သင့်ပါတယ်။

>>  ကာကွယ်ဆေးမထိုးမီ အကိုက်အခဲပျောက်ဆေးတွေသောက်ခြင်းက ကာကွယ်ဆေးအာနိသင် လျော့စေသလား?
ကာကွယ်ဆေးမထိုးခင်မှာ acetaminophen ၊ Ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးတွေကို သောက်ခြင်းဟာ ကိုယ်ခံအားကို အပြည့်အဝမရစေဘဲ ရှိတတ်တာမို့ သောက်လိုပါက ကာကွယ်ဆေးထိုးပြီးမှ သောက်တာ ပိုကောင်းပါတယ်။

>>  ကာကွယ်ဆေးထိုးပြီးနောက် ဘယ်လောက်ကြာကြာထိ ကိုဗစ်ကို ကာကွယ်နိုင်မှာလဲ?
လေ့လာချက်များအရ ကာကွယ်ဆေးထိုးပြီးနောက် လများစွာအထိ ကိုယ်ခံအားကောင်းမွန်နေမှာဖြစ်ပြီး ရေရှည်ကာကွယ်နိုင်သောအာနိသင် ရှိပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေလည်း ထပ်မံထွက်ပေါ်ချိန်မှာတော့ အနည်းငယ်ပြောင်းလဲမှု ရှိနိုင်ပါတယ်။

>>  ကိုဗစ်ကူးစက်ပြီးသူတွေကော ကာကွယ်ဆေးထိုးဖု့ိ လိုအပ်လား?
ကိုဗစ် ကူးစက်ပြီးသော်လည်း ထပ်မံကူးစက်ခြင်းကို ကာကွယ်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။

         Credit#                                                                                                                                                                                      လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

No comments:

Post a Comment