ထမင်းရည်၏ ကျန်းမာရေးအကျိုးကျေးဇူးများ


 1.  ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
ထမင်းရည်မှာပါဝင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အမိုင်နိုအက်ဆစ်တွေကြောင့် ထမင်းရည်က ရောင်ရမ်းခြင်းကို သက်သာစေတဲ့ သဘာဝဆေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အချို့သောရောဂါတွေကနေ ကာကွယ်ပေးနိုင်စွမ်း ဖြစ်ပါတယ်။

2.  အင်အားတွေကို ပေးစွမ်းနိုင်ပါတယ်။
ထမင်းရည်မှာ ကစီဓာတ်အပါအဝင် အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။

3.  ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ထမင်းရည်မှာပါဝင်တဲ့ အကောင်းဆုံးသော အာဟာရဓာတ်တွေက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

4.  ဝမ်းပျက်ဝမ်းလျှောကို သက်သာစေပါတယ်။
ထမင်းရည်က ဝမ်းပျက်ဝမ်းလျှောအပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာပြသနာတွေကို သက်သာစေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ထမင်းရည် ပုံမှန်သောက်ပေးပါ။

5.  ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။
ထမင်းရည်ရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ကိုယ်ပူခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပူနေချိန်မှာ ထမင်းရည်သောက်သုံးခြင်းဖြင့် ကိုယ်ပူမြန်မြန်ကျစေနိုင်ပါတယ်။

6.  ကြွက်သားတွေကို သန်မာစေပါတယ်။
ကျန်းမာသန်စွမ်းတဲ့ကြွက်သားတွေကို ပိုင်ဆိုင်စေဖို့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ထမင်းရည် မှန်မှန်သောက်ပေးပါ။
ထမင်းရည်အပါအဝင် အစားအစာတိုင်းမှာ ကောင်းမွန်တဲ့အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေဖို့အတွက် ထမင်းရည်သောက်ပါ။

Credit# Dr. Mya Myo Myo Swe (www.drmyanmar.com)

No comments:

Post a Comment