ကိုဗစ်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ နာတာရှည်ရောဂါလက္ခဏာများ

 


ကိုဗစ် ကူးစက်ခံရခြင်းကြောင့် ခံစားရသောလက္ခဏာတွေဟာ အချို့သောသူများမှာ ရက်သတ္တပတ် အနည်းငယ်သာ ဖြစ်နိုင်ပေမယ့် အချို့မှာသော လနှင့်ချီ ခံစားရလေ့ရှိပါတယ်။ လနှင့်ချီပြီး ဖြစ်ပေါ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

●  နုံးခြင်း
ကိုဗစ် ကူးစက်ခံခဲ့ရသောသူတွေအနေနှင့် မောပန်းနွမ်းနယ်ခြင်းနှင့် နုံးချိခြင်းကို သူမတူအောင် ခံစားရတယ်လို့ ဆိုကြပါတယ်။ ဒီလိုလူများအနေနှင့် အခြားရောဂါလက္ခဏာတွေ သက်သာပြီးနောက်ပိုင်းမှာလည်း နုံးနေတာ မသက်သာဘဲ အချိန်ကြာကြာ ခံစားရတတ်တယ်လို့ သိရပါတယ်။

●  ကြွက်သားများ နာကျင်ခြင်း၊ အားနည်းနေခြင်း
ကိုဗစ် ကူးစက်ပြီးနောက်ပိုင်းမှာ ကြွက်သားနှင့်တစ်သျှူးများ ရောင်ရမ်းပျက်စီးခြင်းဒဏ်ကြောင့် အချိန်ကြာကြာ ကြွက်သားတွေ နာကျင်နေတတ်ပါတယ်။

●  ချောင်းဆိုးခြင်း
အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ဗိုင်းရပ်စ်ခိုကပ်ခဲ့ခြင်းကြောင့် ပြန်လည်သက်သာပြီး နောက်ပိုင်းမှာလည်း ၅ ပတ်၊ ၆ ပတ်လောက် ကြာတဲ့အထိ ချောင်းဆိုးနေတတ်ပါတယ်။
ချောင်းဆိုးခြင်းဟာ ချောင်းခြောက်ဖြစ်နိုင်သလို သလိပ်ထွက်တဲ့ချောင်းလည်း ဖြစ်နိုင်ပါတယ်။

●  အသက်ရှူမဝခြင်း
အသက်ရှူမဝခြင်းနှင့် အသက်ရှူချိန် ရင်ဘတ်အောင့်ခြင်းတို့ဟာ ကိုဗစ်ရဲ့ပြင်းထန်လက္ခဏာတွေ ဖြစ်ပါတယ်။
ပြန်လည်သက်သာပြီးနောက်ပိုင်းလည်း အသက်ရှူမဝခြင်းကို အချိန်ကြာကြာခံစားရပါက နေ့စဉ်လူမှုဘဝကိုပါ သက်ရောက်မှုရှိစေနိုင်ပါတယ်။

●  ဦးနှောက်ထိုင်းမှိုင်းနေခြင်း
ဦးနှောက်ထိုင်းမှိုင်းနေခြင်း၊ စိတ်ရှူပ်ထွေးခြင်းတို့ဟာလည်း ကိုဗစ် ကူးစက်ပြီးနောက်ပိုင်း လက္ခဏာတွေဖြစ်ပြီး ထိုသို့ဖြစ်ပေါ်ပါက ဦးနှောက်ကို ၁၀ နှစ်လောက် အိုမင်းရင့်ရော်စေတယ်လို့ ဆိုပါတယ်။

●  ညအိပ်မပျော်ခြင်း
ကိုဗစ်ကူးစက်ပြီးသော လူနာတွေအနေနှင့် ညအိပ်မပျော်ခြင်းကိုလည်း ရေရှည်ကြုံတွေ့ရတတ်ပါတယ်။

●  အရသာနှင့် အနံ့ပျောက်ခြင်း
အနံ့ပျောက်ခြင်းနှင့် အရသာပျောက်ခြင်းဟာ ကိုဗစ်ရဲ့အဖြစ်များသော လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ အချို့သောသူများအနေနှင့် အနံ့ အရသာပျောက်ခြင်းကို လနှင့်ချီတောင် ခံစားရလေ့ရှိပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

No comments:

Post a Comment