Mask တစ်ခုကို အချိန်ဘယ်လောက်ကြာကြာ ဝတ်ဆင်နိုင်လဲ

 


ကိုဗစ် မကူးစက်စေဖို့ အပြင်သွားတိုင်း mask ကို မဖြစ်မနေ တပ်ဆင်ကြပါတယ်။ အချို့ကတော့ mask တစ်ခုကို အနည်းဆုံး ၂ ရက်လောက်ဝတ်ပြီးမှ အသစ်လဲသလို တစ်နေ့တစ်ခါလဲသူတွေလည်း ရှိပါတယ်။ ဒါဆိုရင်တော့ mask တစ်ခုစီအလိုက် သက်တမ်းဘယ်လောက်ရှိသလဲဆိုတာ သိရှိခြင်းဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိဈေးကွက်မှာ ဝယ်ယူနိုင်တဲ့ mask တွေက N95၊Surgical mask နှင့် အဝတ် mask တို့ ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ ထောက်ခံချက်အရ N95 mask တွေဟာ ဗိုင်းရပ်စ်ကို အထိရောက်ဆုံး ကာကွယ်နိုင်ပြီး surgical နှင့် အဝတ် mask တွေကို တပ်မယ်ဆိုရင် အလွှာ ၃ ထပ်ပါတဲ့ အမျိုးအစားကို ရွေးချယ်ဖို့ အကြံပြုထားပါတယ်။

>>  Mask တွေ စိုစွတ်တာ၊ ပြဲသွားတာ၊ ချောင်နေတာရှိပါက ရောဂါပိုးတွေကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး
ဒါကြောင့် စိုစွတ်ပြီး ပြဲနေသော maskတွေကို လွင့်ပစ်ပြီး အသစ်တပ်ဆင်ဖို့ လိုပါတယ်။ကိုယ့်မျက်နှာနှင့် အံဝင်ခွင်ကျမဖြစ်ဘဲ ကြီးနေသော maskတွေကိုလည်း အသုံးမပြုသင့်ပါဘူး။
Mask တစ်ခုရဲ့ သက်တမ်းကို စစ်ဆေးဖို့အတွက် မျက်မှန်တပ်ပြီး mask ဝတ်ဆင်ကြည့်ပါ။ မျက်မှန်တွင် ရေငွေ့ရိုက်ပါက သင့်ဟာ mask အသစ် လဲသင့်ပါပြီ။ Surgical mask တွေကို ၆ နာရီထက်ကျော်ပြီး အသုံးမပြုသင့်ပါဘူး။
အလားတူ N95 mask တွေကိုလည်း စိုစွတ် စုတ်ပြဲနေပါက အသစ်လဲသင့်ပါတယ်။

>>  Maskရဲ့ ထိရောက်မှု ရှိ၊ မရှိကို စစ်ဆေးဖို့အတွက် ဖယောင်းတိုင် မှုတ်ကြည့်နိုင်ပါတယ်
ဖယောင်းတိုင်မီးကို mask တပ်လျက်ဖြင့် မှုတ်ကြည့်ပါ။ မီးဟာ မငြိမ်းသွားဘူးဆိုပါက mask က ထိရောက်တဲ့ အနေအထားမှာရှိတဲ့အတွက် ဆက်လက်ဝတ်ဆင်နိုင်ပါတယ်။
Mask ကို လျှော်ပြီး ပြန်ဝတ်မယ်ဆိုရင်တော့ အရည်အသွေးပြည့်မီစွာ ကာကွယ်နိုင်မှာ မဟုတ်တာကို သတိပြုပါ။

>>  Mask တစ်ခုကို ဘယ်လောက်ကြာကြာ ဝတ်လို့ရမလဲ?
အဝတ် mask ကို အသုံးပြုမယ်ဆိုရင် အနည်းဆုံး ၂ ခုရှိဖို့လိုပြီး ဒီနေ့ဝတ်ပြီးတဲ့ mask ကို နောက်ရက်မှာ နေလှမ်းခြင်း သို့မဟုတ် ပန်ကာဖြင့် လေမှုတ်ထားခြင်းဖြင့် Mask မှာ ကပ်နေသော ဗိုင်းရပ်စ်တွေကို ဖယ်ရှားနိုင်ပါတယ်။
●  မျက်နှာပေါ်တွင် ချောင်လွန်းသော mask များနှင့် တင်းကြပ်လွန်းတဲ့ mask တွေကိုတော့ အသုံးမပြုသင့်ပါဘူး။
●  အဝတ် mask တွေကို အလွှာသုံးထပ်ပါတဲ့အမျိုးအစားကိုသာ ရွေးချယ်ဝယ်ယူပြီး မျက်နှာနှင့် အံဝင်ခွင်ကျဖြစ်နေဖို့ အရေးကြီးပါတယ်။
●  အသုံးပြုပြီးတိုင်းမှာ ကောင်းစွာလျှော်ဖွပ်ပြီး နေလှမ်းခြင်း သို့မဟုတ် မီးပူတိုက်ခြင်းပြုလုပ်ပါ။
●  N95 mask ကိုတော့ အနည်းဆုံး ၅ ခု ဝယ်ထားသင့်ပြီး Day 1 ကနေ Day 5 အထိ တစ်နေ့တစ်ခုသာ ဝတ်ဆင်ပါ။ ထို mask ၅ ခုကို တစ်လသာ အများဆုံးသုံးပြီး နောက်တစ်လတွင် အသစ် ၅ ခုကို ထပ်အသုံးပြုပါ။
●  Surgical mask တွေကိုတော့ ၄ နာရီပြည့်တိုင်း အသစ်တစ်ခု လဲဝတ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

>>  Mask တွေကို ဘယ်လိုသိမ်းဆည်းမလဲ?
အပြင်သွားတဲ့အခါ၊ အစားစားတဲ့အချိန် mask ချွတ်ရမယ်ဆိုရင် ဘယ်လိုသိမ်းဆည်းမလဲဆိုတာလည်း မေးစရာတစ်ခုဖြစ်ပါတယ်။
●  အဝတ် mask တွေကို ချွတ်ပြီးတဲ့အခါ အိတ်ကပ်ထဲ အလွယ်တကူထည့်ခြင်းနှင့် ပေါင်ပေါ်တင်ထားခြင်းတို့ဟာ မှားယွင်းတဲ့နည်းလမ်းများ ဖြစ်ပါတယ်။
●  Mask ကို ချွတ်မယ်ဆိုရင် လက်ကို အရင်ဆုံး Hand sanitizer ဖြင့် ဆေးပါ။ ထို့နောက် ကြိုးကနေ ကိုင်ပြီး mask ရဲ့ အတွင်းဘက်မျက်နှာပြင်နှစ်ခုကို ပူးပြီး ခေါက်ပါ။ ထို့နောက် လေလုံတဲ့အိတ်ငယ်တစ်ခုတွင် သိမ်းဆည်းပါ။
ကျွန်မတို့အားလုံးလည်း mask တွေကို စနစ်တကျ အသုံးပြုခြင်းဖြင့် ကိုဗစ်ဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်သင့်တယ်နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

No comments:

Post a Comment